Mon_flag eng_flag Thai_flag
Select Your Language
User Rating: / 20
PoorBest 

သတင်း - ပြည်တွင်း

Gold_01ဤရွှေကြောသည် ကရင်ပြည်နယ်၊ မယ်ဝိုင်ဒေသ တ၀ိုက်မှ မွန်ပြည်နယ် ကျိုက်ထီးရိုး ဘုရားတောင်ခြေ၊ ထိုမှတဆင့် ပဲခူးတိုင်းရှိ တောင်ငူအထိ ကြီးမားကျယ်ပြန့်စွာ ရှိနေကြောင်း၊ ဤပမာဏသည်၊ နှစ်ပေါင်းရာနှင့်ချီပြီး ထုတ်ယူနိုင်ကြောင်း၊ ဒဂုံတက္ကသိုလ်၊ ဘူမိဗေဒဌာန အငြိမ်းစား ပါမောက္ခနှင့် Advanture Mental International Mining Co.,Ltd. မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးစိုးသိန်းက ပြောကြားခဲ့ပါသည်။

ဤရွှေကြောသည်၊ ကြီးမားလွန်းသဖြင့် နေရာ(၆)ခုခွဲပြီး နာဆာမှ လွှတ်တင်ထားသော Landast 7 ကောင်းကင်ဂြိုလ်တုဖြင့် ရိုက်ယူရသည်ဟုဆိုပါသည်။ ရွှေသား ပါသောကျောက်သားမှာ ကျောက်တတန်လျှင် ရွှေ(၂၀) ကျပ်သားအထိ ရရှိမည်ဖြစ်ကြောင်း ပြောပါသည်။ မယ်ဝိုင်ရွှေမှော်သည် တောခေါင်သဖြင့် တူးသူနည်းသော်လည်း၊ တူးသူများသည်၊ ရွှေကိုတန်နဲ့ ချီရ ရှိခဲ့ပြီး၊ လက်နက်ကိုင်အဖွဲ့ အစည်းများသာ အများအားဖြင့် တူးကြပါသည်။

မြန်မာနိုင်ငံ၌ အကြီးဆုံး ရွှေကြောထွက်ရှိသည့်နေရာများမှာ ရမည်းသင်း၊ စဥ့်ကူ၊ သပိတ်ကျင်းမှ နကထီမယ်ဝိုင်၊ ကျိုက်ထို ၊မြန်မာနိုင်ငံ အထက်ပိုင်းရှိ ကော်လင်း၊ ၀န်သိုနှင့် မြောက်ဖက် ကချင်ဒေသ၊ ပုသိမ်အနောက်ဖက် ဟင်္သာတမှ မကွေးတိုင်းအထိ၊ မြန်မာနိုင်ငံအရှေ့ ဖက်ကုန်းမြေမြင့်မှ တာချီလိတ် တဆင့် တရုပ်ပြည်သို့လည်းကောင်း ထွက်ရှိသည်ဟု ဆိုပါသည်။ ဤမယ်ဝိုင်မှော်မှ ရွှေကြောကြီးကို မတွေ့ ရှိခင် မြန်မာနိုင်ငံ၌ ရွှေကျင်ရွှေကြောသည် အကြီးဆုံးဟု သတ်မှတ်ထားပါသည်။

Gold_02

သတ္တုတွင်း ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မြန်မာနှိင်ငံ၌ ရွှေထုတ်လုပ်နိုင်သည့်နေရာ (၂၂၇) နေရာရှိကြောင်း၊ ၂၀၁၁ခု နှစ်မှစပြီး ရှာဖွေထုတ်လုပ်နေသော အသေးစားရွှေတူးဖေါ်ရေး လုပ်ငန်းများကို လစဉ်ရွှေနှစ်ကျပ်သားစနစ်ဖြင့် ကောက်ခံနေရာမှ တနှစ်စာ ရွှေ (၂၄)ကျပ်သားကို တခါတည်းပေးသွင်းရသည့် စနစ်ဖြင့်ပြောင်းလဲကောက်ခံထားပါသည်။ 


Comments  

 
0 #11 kyaw kyi 2011-12-08 23:45
အို...
လူသား အပေါင်းတို့ ကမ္ဘာ ကြီးကနေ လိုသလောက်သာ ထုတ်ယူ သုံးစွဲ၇င် ဘာဘေးဆိုး အန္တ၇ာယ်ဆိုးမှ မကျေ၇ာက်ဘူး။ လိုတာထက် ပိုပြီး ထုတ်ယူ၇င်တော့ ဘေးအမျိုးမျိုး တွေ ကြုံတွေ့ ၇လိမ့်မယ်။ မီးလောင်လိုက် ၊ေ၇ကြီးလိုက်၊ ငလျှင်လှုပ်လိုက် ၊ မုန်တိုင်းတွေ ၀င်လိုက်၊ အပူ၇ှိန်တွေ ပြင်းလိုက်၊ အခါ မဲ့မိုးတွေ ၇ွာလိုက်၊ေ၇တွေခဲလိုက် .......စသော ဘေးဒုက္ခ များကြုံတွေ့၇လိ မ့်မယ်။ ကောင်းတာတွေ ယူလာထား၇င် ဆိုးကျိုး တစ်ခုခု တော့ တွဲလက်ခံ၇မှာပဲ။
Quote
 
 
+1 #10 policy 2011-12-07 21:24
အင်းဗျာ ဒါတွေ ဒို့ပြည်သူတွေအတွက် ဖြစ်ပါစေ။
ကိုခန့် (ဟင်္သာတ)
Quote
 
 
+7 #9 ဖိုးခွါး 2011-12-07 18:52
မြန်မာနိုင်ငံက ရွှေထွက် နေပေမယ့် ပြည်သူတွေကတော့ လုပ်ကိုင် စားသောက်ဖို့တော င် အလုပ်အကိုင် မရှိကြဘူး။ မိန်းခလေး တွေဆိုလည်း ကာရာအိုကေ ဆိုင်မှာပဲ သူတို့ ဘ၀တွေ ပေးဆပ် နေရတယ်။ အစိုးရရယ်၊ စီးပွါးရေး လုပ်ငန်းရှင်တို ပဲ ချမ်းသာ နေကြတယ်။ သေရင် ရွှေတစ်ကျပ်သားတောင် ယူသွားလို့ မရပါဘူး။ ဆင်းရဲ မွဲတေနေကြတဲ့ ပြည်သူတွေကို ကြည့်ပြီး သနား ညှာတာစိတ်လေးနဲ့ သူတို့ ဘ၀လေးလေ သူတို့မသေခင် အလုပ်အကိုင်လေးနဲ့ ထမင်းမှန်မှန် စားရဖို့ ကြည့်ရှူ့ သင့်ပါတယ်။
Quote
 
 
+1 #8 Phyo 2011-12-07 15:18
သယံဇာတ ပေါများခြင်းဟာလ ည်း ဆင်းရဲရခြင်း အကြောင်းရင်း တစ်ခုပါပဲ။ ကြီးပွားသူ ပို၍ကြီးပွား ဆင်းရဲသူ ဆင်းရဲမြဲပါပဲ။
Quote
 
 
+2 #7 suu myat 2011-12-07 13:38
ရင်လေးတယ်..လောကကြီးရယ်....
Quote
 
 
+2 #6 naymin 2011-12-06 18:28
အင်း
လုပ်စားမယ် ဆိုရင်တော့ ကျန်သေးတယ် ဒို့အစိုးရ၇ယ်။။ သူတို့ခေတ် မကုန်သေးပါဘူး။ ဦးတေဇ ကတော့ ကြီးပွားရင်း ကြီးပွား အုန်းမှာဘဲ ။ ဦးတေဇရယ် ဒီလောက် ချမ်းသာတာ မြန်မာ ပြည်သူလူထုကိုလဲ ကုညီပါအုံးလို့ ပြောချင်ပါတယ်။
Quote
 
 
+5 #5 qpar 2011-12-05 20:59
ငဲ.ငဲ.....သူပုန်တ၀က်..အစိုးရတ၀က်...မျှစား လာတာ ကြာနေတာ
Quote
 
 
+2 #4 dadaoo 2011-12-05 18:53
May all be the people's benefit .Sadu Sadu.Sau.
Quote
 
 
+8 #3 ချစ်ကို 2011-12-05 18:19
ကောင်းတဲ့ သတင်းလို့ ဆို၇မလား မသိဘူးဗျ။ မြန်မာပြည်မှာ သယံဇာတတွေ ပေါများသလောက် တိုင်းပြည် လူထုအတွက် အကျိုးတစ်ခုမှ ဖြစ်မလာတာ စိတ်မကောင်း စရာပါပဲ။ ဥပမာ ကျွန်းသစ်ပေါ့ (မြန်မာပြည် အထက်ပိုင်း)ဖားက န့် ဒေသက စိန်တွေ ဘယ်ရောက်ကုန်လဲ မသိဘူးနော် ပြောရရင် စိတ်မကောင်းလို့ ပါ။ အဲလိုသတင်း ကြားတော့လဲ ဝမ်းသာပါတယ်ဗျာ
Quote
 
 
+2 #2 Aung Myat Thu 2011-12-05 01:10
mom, our guess was true.
Quote
 

Add comment


Security code
Refresh

ကြည့်နေသူပေါင်း

We have 67 guests online
Banner

ကြော်ငြာကဏ္ဍ

အလုပ်သမား ရေဒီယိုကဏ္ဍ


PopUp MP3 Player (New Window)

နောက်ဆုံး Update များ

အကြံပြုချက်များ