Mon_flag eng_flag Thai_flag
Select Your Language
User Rating: / 14
PoorBest 

သတင်း - ပြည်တွင်း

NLD_02NDF အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ၊ ပျော်ဘွယ်မြို့နယ်မှ ပါတီဝင် (၅) ဦးသည်၊ အဖွဲ့ဝင် အဖြစ်ကနေ နှုတ်ထွက်ရန် မြို့နယ် ကော်မရှင် ရုံးနှင့် မန္တလေး တိုင်းဒေသကြီး NDF ရုံးတွေကို နိုဝင်ဘာလ ၃ဝ ရက်နေ့က နှုတ်ထွက်စာ ပေးပို့ ခဲ့ကြပါသည်။ ၄င်းအဖွဲ့ဝင် ၅ ဦးမှာ ဦးခင်အောင် (ဥက္ကဋ္ဌ)၊ ဦးဇော်မင်း (အတွင်းရေးမှူး)၊ ဦးထွန်းထွန်းဝင်း (တွဲဘက် အတွင်းရေးမှူး)၊ ဦး ကျော်စွာ (ဘဏ္ဍာရေးမှူး) နှင့် ကိုချမ်းမြေ့ပိုင် (လူငယ်တာဝန်ခံ)တို့ ဖြစ်ပါသည်။

“ ကျနော်တို့ ကတော့ အထူး ပြောစရာ မရှိလှပါဘူး။ အန်အယ်ဒီဟာ လေပြင်းတိုက်တာ၊ မုန်တိုင်းတိုက်တာ ခံခဲ့ရပါ တယ်။ ဘယ်သူ့ အပေါ်မှာလည်း အပြစ်မရှိပါဘူး။ အားလုံးဟာ ဒီမိုကရေစီရေးကို ရတဲ့နည်းလမ်းနဲ့  ချဉ်းကပ် နေကြတာ ဖြစ်ပါတယ်။ ဒီနေ့ အခြေအနေကလည်း လိုရာခရီးကို မရောက်သေးပါဘူး။ ဒါပေမဲ့ စုစည်း ညီညွတ်မှုတော့ စုပေါင်းပြီးတော့   တည်ဆောက် ရပါလိမ့်မယ်” ဟု မန္တလေးတိုင်း ဒေသကြီးမှ တိုင်းစည်းရုံးရေး ကော်မီတီဝင် တဦးက ဆိုပါသည်။

ပဲခူးတိုင်းဒေသကြီး NDF ပါတီဥက္ကဋ္ဌ ဦးအောင်မျိုးဝင်း ကလည်း၊ NDF နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့  ပြန်လည် ဆွေးနွေး သင့်သည်ဟု မြင်ပါသည်။ ယခုအချိန်တွင် ပြန်လည် ပေါင်းစည်းရေးသည် အဖြစ်မှန်ဟု မိမိ ယူဆကြောင်း ပြောပါသည်။


NLD_01
“ NLD က အခု ရွေးကောက်ပွဲဝင်မယ်၊ မှတ်ပုံ တင်မယ်ဆိုတော့ ပြန်လည် ပေါင်းစည်းရေးကို ရှေးရှူ့တဲ့ သဘောလို့ ကျနော် ထင်ပါတယ်။ ကျနော်လည်း အဲဒီလို အယူအဆဘဲ၊ ဒါပေမယ့် ဒေါက်တာ သန်းငြိမ်းတို့ ဦးခင်မောင်ဆွေတို့ ဆိုတာလည်း တကယ့် နိုင်ငံရေး ပုဂ္ဂိုလ်ဟောင်းတွေပဲလေ။ NLD မှာ အကြာကြီး လုပ်ခဲ့ပြီး ထောင်လည်း ၂၇ နှစ်ကျခဲ့တဲ့ အခါကျတော့ သူတို့ကိုလည်း ပြန်လည် ပေါင်းစည်းရေး ဖက်မှာ ဖြစ်စေချင်တယ်။ ကျနော့် သဘောထားကတော့ NDF ခေါင်းဆောင်တွေ နဲ့ NLD စီအီးစီ ဒါမှမဟုတ် အန်တီနဲ့တွေဆုံပြီး ဘယ်လိုလုပ်ကြမလဲ ဆိုတဲ့အဖြေကို ပြန်စဉ်းစားသင့်ပါတယ်”

NDF ပါတီသည်၊ (၂၀၁၀) ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ရန် NLD ပါတီမှ ခွဲထွက်ခဲ့ပါသည်။ ဤသို့ ကြောင့် NDF ပါ တီသို့ ပြောင်းသွားခဲ့ကြသည့် အရင်က NLD ပါတီဝင်ဟောင်းများသည်၊လက်ရှိ နိုင်ငံရေး အခင်းအကျင်းအရ NLD ပါတီနဲ့ ပြန်လည်ပူးပေါင်းရန် ဆန္ဒရှိနေကြသည်ဟုသိရပါသည်။

Add comment


Security code
Refresh

ကြည့်နေသူပေါင်း

We have 67 guests online
Banner

ကြော်ငြာကဏ္ဍ

အလုပ်သမား ရေဒီယိုကဏ္ဍ


PopUp MP3 Player (New Window)

နောက်ဆုံး Update များ

အကြံပြုချက်များ