Mon_flag eng_flag Thai_flag
Select Your Language
User Rating: / 9
PoorBest 

သတင်း - ပြည်တွင်း

UNFC_04နိုဝင်ဘာလ ၂၆ ရက်မှ ၃ဝရက်နေ့အထိ ထိုင်းမြန်မာ နယ်စပ်တနေရာ၌ ကျင်းပခဲ့သည့် ညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ၊ (UNFC) အစည်းအဝေးတွင်  ပြည်ထောင်စု တပ်မတော်တရပ် ဖွဲ့စည်းရေးကို ဆုံးဖြတ်ခဲ့သည်ဟု အသစ်ဖွဲ့စည်းမည့် ပြည်ထောင်စု တပ်မတော်ရဲ့ ကာကွယ်ရေးကော်မီတီဝင် တဦးကပြောပါသည်။

“ရည်ရွယ်ပြီးသားပါ။ နအဖက တိုင်းရင်းသားတပ်တွေကို အသိအမှတ်ပြုတာမဟုတ်ပါဘူး။ ထားရာနေ ဆိုတဲ့ သဘောနဲ့  လိုက်လံအပစ်ရပ်ခိုင်းနေတာပါ။နိုင်ငံရေးအရလည်း မဆွေးနွေးဘူးလေ၊ သူတို့ အတွက် လိုအပ်လာမှ အပစ် ရပ်ကြရအောင်၊ ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ လိမ်ဖို့ဘဲ စဉ်းစားနေတယ်။ အခုလည်း ပေါ်လစီသစ်တခုနဲ့ လာပြန်ပြီး၊

အချိန်ဘယ်လောက် ဆွဲသွားဦးမလဲဆိုတာ သိနေတယ်။ ဒါကြောင့် သူတို့ ပြောစကားနောက်ကို မလိုက်တော့ဘူး။ လုပ်စရာ ရှိတာကိုဘဲ လုပ်တော့မယ်ဟု UNFC ရဲ့ ကာကွယ်ရေးကော်မီတီဝင် တဦးက ဆိုပါသည်။

ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေးကိစ္စကို UNFC ကောင်စီဝင် အဖွဲ့ ၁၂ ဖွဲ့စလုံးက သဘောတူသည်ဟုသိရပါသည်။ UNFC အဖွဲ့ ဝင်များမှာ ချင်းအမျိုးသား တပ်ဦး (CNF)၊ ကချင်ပြည် လွပ်လပ်ရေးအဖွဲ့ (KIO)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ မွန်ပြည်သစ်ပါတီ (MNSP)၊ ပအို့ အမျိုးသား လွတ်မြောက်ရေးအဖွဲ့ ချုပ်(PNLO)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF)၊ ရခိုင်ပြည် အမျိုး သားကောင်စီ (ANC)၊ လားဟူ ဒီမိုကရက်တစ် သမဂ္ဂ(LDU)၊ ၀အမျိုးသား အဖွဲ့ ချုပ်(WNO)၊ ကချင် အမျိုးသားအစည်းအရုံး (KNO)တို့ ဖြစ်ပါသည်။

“အင်အားဘယ်လောက်နဲ့ စဖွဲ့ မယ်ဆိုတာထက် မူပိုင်းဆိုင်ရာက အရင်ကျပြီးတော့ မခက်တော့ပါဘူး၊ လက်တွေ့ အကျဆုံးကနေစမှာပါ။ ဒီတော့ သိပ်မကြာတော့တဲ့အချိန်မှာ လက်တွေ့ ဖြစ်လာမှာပါဘဲ။ ပြည်ထောင်စုတပ်ဖွဲ့ ကို တော့ လိုအပ်တဲ့ တိုင်းရင်းသားဒေသတွေကို စေလွှတ်လို့ ရတာပေါ့။ ဟု ဆိုပါသည်။

ပြည်ထောင်စု စစ်တပ်နဲ့ ပတ်သက်ပြီး တပ်ဖွဲ့စည်းပုံကို အကြမ်းဖျင်း ရေးဆွဲထားပြီး ဖြစ်သည်ဟု သိရပါသည်။ ပထမ အစီစဉ်တွင် ပြည်ထောင်စုစစ်တပ်ရဲ့ စစ်ဦးစီးချုပ်အဖြစ် KNU က ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးကို ရည်ရွယ်ထားခဲ့သော်လည်း  အသက်အရွယ်အရသော်လည်းကောင်း၊ အလုပ်တာဝန် များပြားခြင်းကြောင့် လည်းကောင်း ၄င်းက ငြင်းပယ်ခဲ့ပါ သည်။ ဤသို ကြောင့် စစ်ဦးစီးချုပ် အသစ်ကို KNPP ကရင်နီတပ်မှ စစ်ခေါင်းဆောင်တဦး ဖြစ်သူဗိုလ်ချုပ်ဘီတူးကို လျာထားသည် ဟုသိရပါသည်။ 

Comments  

 
0 #12 ဆူး 2011-12-08 11:30
ရှက်ခြင်း မရှက်ခြင်းက မင်းမေးရမယ့် အလုပ်လား။ သူပုန် ထစားတယ်လို့ ပြောရအောင် မင်းက သိန်းစိန် မြေးလေး ဖြစ်မယ် ထင်တယ်။
Quote
 
 
+1 #11 အောင်မျိုး 2011-12-07 03:34
ကိုယ့်ကိုကိုယ် နိုင်ငံ ကယ်တင်ရှင်လို့ အတင်း သတ်မှတ်ပြီး မဟာ လူမျိုးကြီးဝါဒ ကိုင်စွဲပြီး အခွင့်အရေးအတွက် တိုက်ပွဲ ဝင်နေတဲ့ တိုင်းရင်းသားတွေကို အပြုတ်တိုက်ချင် တဲ့ စစ်တပ်နဲ့ ဆက်ဆံရင် လူမျိုးရေး အမြင် ကျဉ်းသင့်ရင် ကျဉ်းရမှာပဲ။ ငြိမ်းချမ်းရေး လုပ်ယောင် ပြပြီး တိုက်နေတာဟာ မီးစတဖက် ဓာတ်ဆီခွက်တဖက် ကိုင်ထားတာနဲ့ တူတူပဲကွ....
ဗမာလူမျိုး ပေမယ့် ဗမာတွေ အကျင့်ယုတ်တာကို အမြင်ကပ်တယ်. အထူးသဖြင့် ----
Quote
 
 
0 #10 banyar 2011-12-06 23:52
ဘေးစကားကို ဂရုစိုက်ဖို့ မလိုဘူး တိုင်းရင်းသား ညီအစ်ကိုတွေ သွေးစည်းဖို့ အချိန်ရောက်လာပြီ။ သူတော်ကောင်း အယောင်ဆောင်ထားတဲ့ လူတွေ ကဒါဖီလို အမြင်မှန် ရလာအောင် တိုင်းရင်းသား ညီအစ်ကိုတို့ ဆက်လက် တိုက်ပွဲ ဆင်နွဲကြပါ။ တနေ့ကြရင် အမျိုးသား တန်းတူ အခွင့်အရေး ရရမည်....။
Quote
 
 
+2 #9 thatunmon 2011-12-06 18:53
mmk...ခင်ဗျားတို့ရဲ့ စစ်အစိုးရ တကယ် အမြင်ကျယ်တယ် ဆိုရင် တိုင်းရင်းသားတွေ လိုချင်တာ ပေးလိုက်လေ။
Quote
 
 
+1 #8 normal people 2011-12-06 12:42
Wake up all BURMESE.
Quote
 
 
+3 #7 Jerry Smith 2011-12-06 11:57
The Burmese government has long been cheating the ethnic groups for over the past 60 years. Burmese politicians are the same. Don't trust them! Not even Ag Sann Su kyi.. She is also one of them., doing everything under the name of Burmese and putting the ethnic rights aside. One thing they should remember is that winning the Independence was not only by the effort of general Ag Sann but some stupid ethnic leaders signed together at Pon lone. And what they agreed was not recognize! SO don't trust them! drive all the burmese rapers and robbers soldiers off your lands. If we are united it is possible! Even the super power, British and so were defeated!
Quote
 
 
-2 #6 Combra 2011-12-06 09:21
The Brain is faster than human....So i think there might be more ideas before doing this...
Quote
 
 
0 #5 ဆူး 2011-12-06 07:08
မောင်လူအေးကို ထောက်ခံတယ် တိုင်းရင်းသားတွေ အားလုံး ညီညီညွတ်ညွတ်နဲ့ UNFC ၏ လုပ်ရပ်အတိုင်း လုပ်သင့်တာ ကြာပြီ။ ကဒါဖီ ကျဆုံးခြင်းဟာ တပ်ပေါင်းစုများ ၏ ညီညွတ်စွာ ၀ိုင်းဝန်း တိုက်ခိုက်ခြင်း ကြောင့် စစ်တပ်ပြိုကွဲကာ ပြည်သူ့တပ်ပေါင်းစုကို ဖွဲ့စည်းနိုင်ခဲ့ သည်မှာ ယခု မျက်ဝါးထင်ထင် တွေ့မြင်နေရပြီ မဟုတ်ပါလား...တိုင်းရင်းသားတို့။
Quote
 
 
+1 #4 mmk 2011-12-06 03:33
လူမျိုးရေး အမြင်ကျဉ်းကြတာ အစိုးရနဲ့ ဒေါ်စုက တိုင်းပြည် တိုးတက်ဖို့ ကြိုးစားနေကြတဲ့ အချိန်မှာ မင်းတို့က သူပုန်ထစားဘို့ဘဲ တွေးနေကြတယ်။ တကယ်လို့ အစိုးရက လာတိုက်ရင်လဲ
ထွက်ပြေးပြီး အော်ငိုကြပြန်ကော။ မရှက်ကြဘူးလား
Quote
 
 
+1 #3 မောင်သန့် 2011-12-05 12:06
အစိုးရက တိုင်းပြည် ဖွံ့ဖြိုးရေးနဲ့ ဒီမိုကရေစီရေးကို လုပ်လာခါမှ ဒီလို လက်သီး လက်မောင်း တန်းပြတာဟာ ရလဒ် ကောင်းတွေ ရနိုင်ပါ့မလား။
Quote
 

Add comment


Security code
Refresh

ကြည့်နေသူပေါင်း

We have 69 guests online
Banner

ကြော်ငြာကဏ္ဍ

အလုပ်သမား ရေဒီယိုကဏ္ဍ


PopUp MP3 Player (New Window)

နောက်ဆုံး Update များ

အကြံပြုချက်များ