Mon_flag eng_flag Thai_flag
Select Your Language
User Rating: / 4
PoorBest 

သတင်း - ပြည်တွင်း

imagesနိုဝင်ဘာ (၆) ရက်နေ့ သည်၊ ဗိုလ်မှူးချုပ် စောလားဖွယ် ဦးဆောင်သော ဒီကေဘီအေ တပ်ဖွဲ့ နှင့် နအဖတို့  အပစ်အခတ် ရပ်စဲ ရေးနေ့ အဖြစ် သတ်မှတ် ထားသဖြင့် တပ်နေရာ ချထားရေးအတွက် ဒီကေဘီအေ ဒုဦးစီးချုပ် ဗိုလ်မှူးကြီး မိုရှေးနှင့် အဖွဲ့သည်  ယနေ့ မနက် (၈) နာရီတွင်၊ မြ၀တီမြို့ နယ် တောင်ဖက်ရှိ သေ့ဘောဘိုး စစ်ဗျူဟာ စခန်း၌ တပ်မ(၂၂)မှ နည်းဗျူဟာ (၁) မှူး နှင့်တွေ့ ဆုံဆွေးနွေးခဲ့ပါသည်။ ယင်းတွေ့ ဆုံပွဲတွင် အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရေးအတွက် နှစ်ဖက်တပ်များ တွေ့ ဆုံရန် အပါဝင် ဆုံစည်းမြိုင် ကျေးရွာရှိ တောင်နီ တံတား ထိပ်မှ ဒီကေဘီအေ စခန်းဟောင်းများကို ပြုပြင်ခြင်းနှင့် ဒေသ ဖွံ့ ဖြိုး ရေးနှင့် ပါတ်သက်သော လုပ်ငန်းများကို ဆွေးနွေးပါသည်။

“ ဝေါလေကိုမြို့ နယ်ခွဲအဖြစ် သူတို့ သတ်မှတ်ထားတယ်လေ၊ အဲဒီအတွက် လမ်းတံတားနဲ့ စာသင်ကျောင်းတွေကို ဘယ်လိုပူးတွဲလုပ်ဆောင်မလဲ ဆိုတာကို ဆွေးနွေးကြပါတယ်။ ပြီးတော့ အောက်ခြေတပ်အချင်းချင်း မနေ့ ကတွေ့ ဆုံခိုင်းပါတယ်။ အဲဒါ တပ်မ(၂၂) က နည်းဗျူဟာ(၁) လက်အောက်ခံ  ခမရ(၂၀၄) ဗိုလ်မှူးသက်နိုင်ထူးနဲ့ တွေ့ ပါတယ်။ အပြန် အလှန် ယုံကြည်မှုတည်ဆောက် ရေးပေါ့၊ လူထုကိုလည်း မြင်စေချင်တယ်လေ၊ တကယ်အပစ်အခတ် ရပ်သွားပြီးဆိုတာကို ဒါပါဘဲ။” ဟု ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစန်းအောင်က ဆိုပါသည်။

အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရေး၊ တပ်စခန်းနေရာချထားရေး၊ ဒေသဖွံ့ ဖြိုးရေးတို့ သည်၊ နှစ်ဖက်သဘောတူထားသည့် အချက်များဖြစ်ပါသည်။ ဝေါလေမြို့ နယ်ခွဲ အသစ်သည်၊ အမှတ်(၁၉) အုပ်စုဟု ခေါ်တွင်သော ဝေါလေပတ်ဝန်းကျင် ကျေးရွာ(၁၉)ရွာကို ခေါ်ပါသည်။ ဤနေရာထဲ၌ ဆုံဆည်းမြိုင်ကျေးရွာအနီးရှိ တောင်နီတံတား အနီးတွင် ဒီကေဘီအေ ရုံးကို ထားရှိမည်ဖြစ်သည်။

DKBA_piz

ဒီကေဘီအေ တပ်ဖွဲ့ဝင်များပုံ (ဓါတ်ပုံ - အင်တာနက် )

ဤတွေ့ ဆုံဆွေးနွေးပွဲကို ဒီကေဘီအေ ဒုဦးစီးချုပ် ဗိုလ်မှူးကြီး မိုရှေးအပါဝင်  ဗိုလ်မှူးမောင်လေး၊ ဗိုလ်မှူးစိန်ဝင်း၊ ဗိုလ်မှူးပိဒါးတို့ လည်း တက်ရောက်ခဲ့ပါသည်။ နအဖတို့ သည်၊ အပစ်အခတ် ရပ်စဲရေးနဲ့  ဒီကေဘီအေ၏ စစ်ရေးလှုပ်ရှားမှုများကို ထိမ်းချုပ်ပြီး မြ၀တီ ၊ကော့ကရိတ် ကားလမ်းသစ်ဖေါက်လုပ်ရေး၊ အမိန့် မနာခံတော့သည့် ၄င်းတို့ ၏ တပ်ဖွဲ့ များအား မွမ်းမံရေးအတွက် အချိန်ရရှိသွားမည်ဖြစ်ပါသည်။ 

Comments  

 
0 #6 Daddy 2011-11-09 15:16
ငြိမ်းချမ်းရေးလုပ်တာ..ပူလောင်ရေး လုပ်တာထက်စာရင် ကောင်းပါတယ်ဗျာ။ သူမနိုင် ကိုယ်မနိုင် ပွဲကြီးမှာ သူပုန်ခေတ်ဆိုတာ ကုန်ဆုံးတော့မယ် ။ အစိုးရစစ်တပ်ကို ဘယ်လောက်ပဲ မုန်းမုန်း လက်မခံပဲ နေနေ နောက်ဆုံး နိုင်ငံမှာ ကျန်ရစ်ခဲ့မယ့် တစ်ခုတည်းသော စစ်တပ်ဟာ အစိုးရ စစ်တပ်ပဲ ဖြစ်ရမှာပဲလေ။
Quote
 
 
+1 #5 thom 2011-11-09 13:28
ဒီကေဘီအေ ဆိုတဲ့ အဖွဲ့ကို လုံးဝ အယုံအကြည် မရှိဘူး။ သူတို့မှာ ဦးတည်ချက် မရှိဘူး ရှည်မှန်းချက် မရှိဘူး ခိုင်မှာတဲ့ စိတ်ဓါတ် မရှိဘူး သူတို့တွေက ရေလိုက် ငါးလိုက်တဲ့ အဖွဲ့တွေပါ ကျနော်တို့ လူမျိုးတွေ အဲဒီလို လူမျိုးတွေ များလေလေ သိန်းစိန် အစိုးရအတွက် ကောင်လေးပဲ။ အဲဒီ အတွက်ကြောင့် ကျွန်နော်တို့ တိုင်ရင်သားတွေ အတွက် အကြီးမားဆုံး ရန်သူပဲ ဒီအတွက်ကြောင်း လုံးဝကို မယုံကြည်တာ ဓါးမြ သူခိုး အဖွဲ့တွေပဲ ..........။
Quote
 
 
+2 #4 ဗိုလ်တေဇ 2011-11-08 18:50
မြွေမြွေချင်း ခြေမြင် ဆိုသလိုမျိုး ပဲပေါ့၊ နအဖကလဲ ရှေးတိုးဖို့ နောက်တစ်လှမ်း ဆုတ်တယ် ဆိုရင် ဒီကေဘီအေ ကလဲ လသာတုန်း ဗိုင်းငင် ထားဖို့ လိုပါတယ်။ လူသူ၊ လက်နက်၊ သတ္တိ၊ အင်အားတွေ စုဆောင်းထားဖို့ လိုသလို လက်နက်ကိုင် စစ်တိုက်တဲ့ သူနဲ့ စီပွားရေး လုပ်တဲ့သူဟာ တစ်ယောက်တည်း ဖြစ်သွားယင် အဲဒီလို လူမျိုးဟာ လိုင်းကြောင်တဲ့ သူတွေပဲ၊ တိုက်ခိုက် စွမ်းရည်လဲ ကျသွားတာ များကြပါတယ်။ သီးခြားစီ ခွဲထားဖို့ လိုပါတယ်။ အစိုးရပေးတဲ့ စီးပွားရေး မက်လုံးတွေထဲ မျောပြီးတော့ သေနတ်ပြောင်း သံချေး တက်မှာကိုတော့ မဖြစ်စေပါချင်ဘူး။
Quote
 
 
-1 #3 jack 2011-11-08 14:38
DKBA ကို အထင်ကြီးမိတာ အလကားပဲ။ မကြာခင်မှာပဲ အစိုးရနဲ့ပေါင်း ပြီး KNU ကို ဒုက္ခပေးအုံးနဲ့တူတယ်။
Quote
 
 
0 #2 Mg soe 2011-11-08 10:10
ဒီကေဘီအေ ဆိုတဲ့ တပ်ဖွဲ့က သူ့ကိုယ်သူ အထင်သိပ်ကြီးတာ။ သူတို့ အသိုင်းအ၀ိုင်းထဲမှာ ပညာတတ်တွေ အများကြီး ရှိတယ်လို့ နေတာ။ တကယ်တော့ ဒီကောင်တွေ အပြတ်ရှင်းဖို့ လိုတယ်။ ဘယ်ပြည်သူလူထုကိုမှ ကိုယ်စား မပြုပါဘူး။ ဆင်ဖမ်းမယ် ကျားဖမ်းမယ် အဖွဲ့တွေပဲ။ တကယ်တော့ ပုရွက်ဆိတ် တစ်ကောင်တောင်မှ ရအောင် မဖမ်းနိုင်ပါဘူး။ မင်းတို့ရဲ့ ညံ့ဖျင်းတဲ့ အတွေးအခေါ်နဲ့ ခံယူချက် ပြင်ဖို့ လိုနေပြီ။ ဒီကေဘီအေ အမြန်ဆုံး ကျဆုံးပါစေ။
Quote
 
 
-1 #1 တောလူသစ် 2011-11-08 09:37
ငြိမ်းချမ်းရေးပဲ ခေါ်ခေါ် ခဏပဲ အပစ်ရပ်ရပ် ကရင်လက်ထဲ ကရင်သေနတ်ရှိနေဖို့၊ ကချင်လက်ထဲ ကချင့် သေနတ်ရှိနေဖို့ လိုပါတယ်လို့ ထင်ပါတယ်။ လက်ရှိ စစ်အာဏာရှင်တွေဟာ မျက်နှာသွေးသတ် ဘာကိုမှ အရှက်ရှိတဲ့ လူတွေ မဟုတ်လို့ပါ.အားလုံးလဲ သိကြပြီးပါ လူထု စည်းရုံးရေးတွေ ပိုလုပ်ခွင့် ရတာပေါ့လေ။ နအဖ တပ်ကိုလဲ ရသလောက် စည်းရုံးရင် သူတို့လဲ အောက်ခြေပဲ။ ကိုယ့်ဘ၀နဲ့ နီးစပ်ပါတယ်။
Quote
 

Add comment


Security code
Refresh

ကြည့်နေသူပေါင်း

We have 69 guests online
Banner

ကြော်ငြာကဏ္ဍ

အလုပ်သမား ရေဒီယိုကဏ္ဍ


PopUp MP3 Player (New Window)

နောက်ဆုံး Update များ

အကြံပြုချက်များ