သတင်း - ပြည်တွင်း
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အန်အယ်လ်ဒီ ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် စည်းရုံးရေးနှင့် မဲအောင်နိုင်ရေး ခရီးစဉ် အဖြစ် လာမည့် ဖေဖေါ်ဝါရီ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အတွင်း ကချင်ပြည်နယ် မြစ်ကြီးနား၊ မိုးကောင်းနှင့် ဗန်းမော် မြို့ များသို့ ၃ ရက်ကြာ သွားရောက် မည်ဟု မြစ်ကြီးနားမြို့ အန်အယ်လ်ဒီ ရုံးမှ ပြောကြား ခဲ့ပါသည်။
ယင်းခရီးစဉ်အရ ဖေဖေါ်ဝါရီ ၂၃ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် မြစ်ကြီးနားမြို့သို့ လေယာဉ်ဖြင့် ရောက်ရှိ လာမည် ဖြစ်ပြီး ယင်းနေ့တွင်ပင် မိုးကောင်းမြို့သို့ နေ့ချင်းပြန် သွားရောက်မည် ဖြစ်သည်။ ၂၄ ရက်နေ့ ည၌ မြစ်ကြီး နားမြို့တွင် ညအိပ်မည်ဖြစ်ပြီး နောက်၂၄ ရက်နေ့တွင် မြစ်ကြီးနားမြို့ မနောကွင်း၌ လူထုဟောပြောပွဲ ပြုလုပ်ရန် စီစဉ်ထားပါသည်။ ထို့နောက် ဗန်းမော်မြို့သို့ ခရီးဆက်ကာ ၂၅ ရက်နေ့တွင် ဗန်းမော်မြို့မှ ရန်ကုန်မြို့ သို့ ပြန်ကြမည်ဟု မြစ်ကြီးနား အန်အယ်လ်ဒီရုံး၏ ပြောဆိုချက်အရ သိရှိရပါသည်။