Mon_flag eng_flag Thai_flag
Select Your Language
User Rating: / 6
PoorBest 

သတင်း - ပြည်တွင်း

onetime_gsm_prepaid_card2012 မတ်လ (၁) ရက်နေ့မှ စ၍ ဂျီအက်အမ် ဖုန်းများ အပါအဝင် (၀၁ - ၂၃၀) နံပါတ်နှင့် စသော အော်တို တယ်လီဖုန်း၊ လိုင်းဖုန်းများကို ကြိုတင် ငွေဖြည့်ကဒ် Pre-paid စနစ်သို့ ပြောင်းလဲ အသုံးပြုနိုင် ကြတော့မည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်း ဝန်ကြီး ဌာနမှ ယနေ့ ညနေ (၆) နာရီတွင် တရားဝင် ထုတ်ပြန်ကြေငြာ လိုက်ပါသည်။

“ဂျီအက်အမ် ဖုန်းတွေ အတွက်က Pre-paid စနစ်ကို ပြောင်းလဲ အသုံးပြုဖို့ Call Center က Message ပို့လာလိမ့်မယ်၊ အဲဒီမှာ အသုံးပြုလိုလျှင် Confirm လုပ်ပေးရမယ်၊ Yes ကို နှိပ်ပေးလိုက်ရုံပဲ၊ ဒီမတိုင်ခင်အထိ ခေါ်ထားတဲ့ စရိတ်တွေကိုတော့ Post-paid နဲ့ပဲ ပြန်ပေးဆောင်ရအုံးမယ်၊ မတ်လ (၁) ရက်နေ့ နောက်ပိုင်းကမှ စပြီး Pre-paid စနစ် တရားဝင် အသုံးပြုနိုင်မယ်လို့တော့ ကြေငြာထားတာ တွေ့မိတယ်” ဟု ရန်ကုန်မြို့မှ မိုဘိုင်းဖုန်း သုံးစွဲသူ တစ်ဦးက ရှင်းပြပါသည်။

တယ်လီဖုန်း နံပါတ်တစ်ခုကို တစ်ကြိမ်သာ ပြောင်းလဲ၍ ရပါသည်။ ထိုသို့ ပြောင်းလဲခြင်းကြောင့် မိမိတို့၏ တယ်လီဖုန်း နံပါတ်များ ပြောင်းလဲခြင်း မရှိပါကြောင်းလည်း အတည်ပြု ပြောကြားခဲ့ပါသည်။ Pre-paid စနစ်သို့ မပြောင်းလဲမီ အချိန်အထိ ခေါ်ဆိုထားသည့် ခေါ်ဆိုမှု နှုန်းထားများကိုမူ ယခင် ပေးဆောင်မှု Post-paid စနစ် အတိုင်း ဆက်လက် ပေးဆောင်ရမည် ဖြစ်သည်။ ကနဦးအနေနှင့် Pre-paid ကြိုတင် ငွေဖြည့်ကဒ်များကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အော်တိုတယ်လီဖုန်းရုံး အမှတ် (၁၀၃)၊ လမ်း (၄၀) ကျောက်တံတား မြို့နယ်နှင့် အမှတ် ၄၆၅/၄၆၉ မဟာဗန္ဓုလလမ်း ပန်းပဲတန်းမြို့နယ် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း ငွေစာရင်း ဌာန ရုံးများတွင် ဦးစွာပထမ ရောင်းချ ပေးသွားမည် ဖြစ်ပါသည်။

IMG_4308

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ GSM/UMTS တိုးချဲ့တပ်ဆင်ရေး အစည်းအဝေးပုံ (ဓါတ်ပုံ - အင်တာနက်)

“ နိုင်ငံတကာမှာကြည့်ရင် Pre-paid ငွေကြိုပေးတဲ့ စနစ်ပေါ့ဗျာ၊ ဖုန်းကဒ်ဝယ်ပြီး ဖုန်းထဲ ပိုက်ဆံထည့်ထားပြီး ပိုက်ဆံ ရှိနေသလောက် သတ်မှတ် နှုန်းထားအတိုင်း ခေါ်ဆို ကြတာကို Mobile ဖုန်းတွေမှာပဲ တွင်တွင် ကျယ်ကျယ် သုံးကြတယ်၊ Land line ဖုန်းတွေကတော့ Post-paid စနစ်နဲ့ပဲ ငွေချေကြတာ များပါတယ်။ Land line အများစုကလည်း ကုမ္ပဏီတွေ၊ စီးပွါးရေး လုပ်ငန်းတွေ အခြား ဆိုင်ရာတွေမှာ သုံးတာ များကြတယ်လေ၊ ဆိုတော့ လုပ်ငန်း သဘောအရ ပြောလို့ ကုန်ကျသလောက်ကို လကုန်မှ ရှင်းရတာပါ။ ဒီလိုမှ မဟုတ်ရင် လုပ်ငန်းခွင် အချိန်မှာ ထည့်ထားတဲ့ ပိုက်ဆံ ကုန်သွားရင် ဆက်သွယ်ရေး အခက်အခဲတွေ ဖြစ်တတ်ပါတယ်။ အခုတော့ Land line တွေကိုရော ဂျီအက်စ်အမ် တွေကိုပါ Pre-paid စနစ် ပြောင်းလိုက် မယ်လို့ ကြေငြာလိုက်တယ်၊ ဘာတွေဘယ်လို ဖြစ်လာအုံးမလဲလို့တော့ စောင့်ကြည့်ရအုံးမယ်” ဟု ရန်ကုန်မြို့မှ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးမှ သုံးသပ် သွားပါသည်။

Land line ဖုန်းများအတွက်မူ Pre-paid စနစ်သို့ ပြောင်းလဲ အသုံးပြုလိုကြောင်း ဦးစွာပထမ လျှောက်ထား ရအုံးမည် ဖြစ်သည်။ ထိုသို့ လျှောက်ထားရန် လိုအပ်သည့် ပုံစံများကို မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း အော်တို တယ်လီဖုန်းရုံး အမှတ် (၁၀၃)၊ လမ်း (၄၀) ကျောက်တံတား မြို့နယ်တွင် အခမဲ့ ရယူနိုင်ကြပါသည်။ အသေးစိတ် အချက်အလက်များကိုမူ (၁၈၇၆) Call center သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။ သို့သော် ဌာနဆိုင်ရာနှင့် All in update တယ်လီဖုန်း များကိုမူ Post-paid စနစ်ဖြင့်သာ ဆက်လက် ပေးဆောင် ရပေဦးမည် ဖြစ်သည်။

9th-MyanmarICT

ပြင်ဦးလွင်ရှိ မြန်မာ့ ဆက်သွယ်ရေး၏ ရတနာပုံ တယ်လီပိုစ့် (ဓါတ်ပုံ - အင်တာနက်)

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် အဓိက ဌာန (၁၁) ပါရှိပြီး မြန်မာနိုင်ငံတွင် တစ်ခုတည်းသော ဝန်ဆောင်မှု ပေးနေသော ဆက်သွယ်ရေး ဝန်ဆောင်မှုဌာန တစ်ခုဖြစ်ပြီး ၁၈၈၄ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည်။ ကနဦး ဖွဲ့စည်းစဉ်၌ စာတိုက်နှင့် ကြေးနန်းဌာန အမည်ဖြင့် စတင်ဆောင်ရွက်ကာ ပြည်သူများကို ဝန်ဆောင်မှု ပေးခဲ့ပါသည်။ ရွှေပြည်တံခွန် ကုမ္ပဏီမှ ငွေကျပ် (၅၀၀၀) တန် ဆင်းကဒ် ကိစ္စ ပေါ်ပေါက်လာပြီး မကြာမီမှာပင် ဤသတင်း ထွက်ပေါ်ခဲ့ခြင်းလည်း ဖြစ်သည်။ 

Comments  

 
+1 #1 lomewei 2012-02-19 14:51
တတ်လည်း တတ်နိုင်ပါပေတယ် ဆသရ တွေက ငါးထောင်တန် ကြားတာနဲ့ စားပေါက် ပိတ်မှာစိုးလို့ တန်ဖိုးနည်း ၂ သိန်းတန်တဲ့ ပြီးတော့ ခုလည်းလာပြီလေ။ ဒါက နိုင်ငံတော်ကို အမြန်ဆုံး ခေတ်မှီ တိုးတက်အောင် လုပ်တာလား... ၀ါးဟားးးးးးး ၀ါးဟားးးးးးးးးး
Quote
 

Add comment


Security code
Refresh

ကြည့်နေသူပေါင်း

We have 66 guests online
Banner

ကြော်ငြာကဏ္ဍ

အလုပ်သမား ရေဒီယိုကဏ္ဍ


PopUp MP3 Player (New Window)

နောက်ဆုံး Update များ

အကြံပြုချက်များ