Mon_flag eng_flag Thai_flag
Select Your Language
User Rating: / 3
PoorBest 

သတင်း - ပြည်တွင်း

KNU_04အပစ်အခတ် ရပ်စဲရေးကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေးရန် အရေးပေါ် ဗဟိုကော်မီတီ အစည်းအဝေးနှင့် အရေးပေါ် တပ်မှူးများ အစည်းဝေးကို KNU ဗဟိုနှင့် စစ်ဦးစီးမှူးရုံးမှ (ဖေဖေါ်ဝါရီလ ၁၆) ရက်နေ့က ဖိတ်ကြားခဲ့သည်ဟု ဖိတ်ကြားခံရသည့် KNU ဗဟိုကော်မီတီဝင် တဦးကပြောပါသည်။

အလားတူ ယင်းအစည်းအဝေးသို့ တက်ရောက်ရန်KNU တပ်မဟာ (၁)၊ တပ်မဟာ (၂)၊ တပ်မဟာ (၄)၊ တပ်မဟာ (၅)၊ တပ်မ ဟာ (၆)နှင့် တပ်မဟာ (၇) မှ တပ်ရင်းမှူးများအပြင် အထူးတပ်ဖွဲ့မှ တပ်ရင်းမှူးများလည်း ဖိတ်ကြားထားပါသည်။

“ ကျနော်တို့ တပ်မဟာ (၄) ကတော့ ဘိတ်ထားဝယ် ခရိုင်ဥက္ကဌ ပဒိုကွယ်ထူးနဲ့ ရုံးအဖွဲ့ဘဲ သွားတက်ကြတယ်လေ။ တပ်မဟာမှူး ဗိုလ်မှူးချုပ် ဒါးကျော်တောင် မသွားဘူး။ သူတို့အကြောင်းပြထားတာက အပစ်အခတ် ရပ်စဲရေးလုပ်ရမဲ့ ကာလမို့ရှေ့တန်းမှာ အလုပ်များနေလို့ အဲဒီတပ်မှူးများ အစည်းအဝေးကို မတက်ရောက်နိုင်ဘူးလို့ အကြောင်းပြထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က အပစ်အခတ်ရပ်စဲရေးကို လိုလားသူတွေပါ။ အခုခေါ်တဲ့တပ်မှူးများ အစည်းအဝေး ကတော့ လက်မခံဖို့အတွက် ဖိအားပေးပြီး ခေါ်တဲ့အစည်းအဝေးဖြစ်လို့ မတက်ချင်တာပါ” ဟု တပ်မဟာ(၄) အရာရှိတဦး က ပြောခဲ့ပါသည်။

KNU_01အစိုးရနှင့် တွေ့ဆုံဆွေးနွေးစဉ် (ဓါတ်ပုံ - အင်တာနက်)

တပ်မှူးများ အရေးပေါ် အစည်းအဝေးကို KNU စစ်ဦးစီးမှူး ဗိုလ်မှူးချုပ် မဲ့အင်စိန်က ဖိတ်ကြားခြင်းဖြစ်ပါသည်။ သူသည် KNU ဥက္ကဌ စောတာမလာဘော၏သားဖြစ်ပါသည်။ သူသည် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမူတူးဆေးဖိုး မသိဘဲယခုလို ဖိတ်ကြားခြင်းဖြစ်သည်ဟု တပ်မဟာ (၆) အရာရှိတဦးက ပြောပါသည်။

“တပ်မဟာ (၆)က ဗဟိုကော်မီတီနဲ့ တပ်မှူးတွေကျတော့ ဒူးပလာယာ (မော်လမြိုင်) ခရိုင်ဥက္ကဌ ပဒိုရွှေမောင်း ကိုယ်တိုင်ကတောင် အဲဒီဗဟိုရဲ့ ဖိတ်ကြားမှုကို သိပ်လက်မခံချင်လို့ ဖုန်းနဲ့ကြေးနန်းအဆက်အသွယ်တွေ ဖြတ်ထားခဲ့တယ် လေ။ အခု တော့ အဲဒီကြေးနန်းကို ခရိုင်တွင်းမှာ ဆွေးနွေးနေကြတယ်။ အများစုက အပစ်အခတ် ရပ်စဲရေးကို လက်ခံနေကြ တော့ အခု KNU ဗဟိုရဲ့ အပစ်အခတ်ရပ်စဲရေး လက်မခံတဲ့အကြံကို မလိုချင်ကြဘူး။ ဒါကြောင့် ပုံစံအမျိုးမျိုးနဲ့ ရှောင်နေကြ တယ်လေ။”ဟု တပ်မဟာ(၆) အရာရှိတဦးက ပြောသွားခဲ့ပါသည်။

ပြီးခဲ့သည့် ဇန္နာဝါရီလ (၁၂)ရက်နေ့က ဗိုလ်ချုပ်ကြီးစောမူတူးဆေးဖိုး ဦးဆောင်သည့် ကိုယ်စားလှယ် (၁၉) ဦး အဖွဲ့သည်၊ ကရင်ပြည်နယ် အစိုးရအဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေးကိစ္စကို (၄၅) ရက်အတွင်း ဆက်လက်ဆွေးနွေးသွားရန် သဘောတူ လက်မှတ်ရေးထိုးခဲ့ပါသည်။ ဤ (၄၅) ရက်သည်၊ ဖေဖေါ်ဝါရီ လကုန်ပိုင်းဖြစ်သည့်အတွက် ဆက်လက်ဆွေးနွေးရေးကို လက်ခံသည့် ဗိုလ်ချုပ်ကြီးစောမူတူးဆေးဖိုးအဖွဲ့နှင့် လက်မခံသည့် KNU ဥက္ကဌ စောတာမလာဘောတို့ အဖွဲ့တို့ အားပြိုင် နေကြသည့်အခြေအနေတွင် ရှိနေပါသည်။ 

KNU_03အစိုးရနှင့် တွေ့ဆုံဆွေးနွေးစဉ်(ဓါတ်ပုံအင်တာနက်)

ဤပြသနာကို ထင်ရှားစေလိုသည်မှာ ပြီးခဲ့သည့် ရက်ပိုင်းက ပစ်ခတ်မှုကို ထောက်ပြကြပါသည်။  ကေအန်ယူတပ်မဟာ (၅)ဧရိယာရှိ ဘီလင်းမြို့နယ်တွင် ကေအန်ယူ ကန့်သတ်ထားသည့် နေရာသို့ အကြောင်းမကြားဘဲ ထိုးဖေါက်ဝင်လာသည့် အစိုးရတပ်ဖွဲ့ကို အပြန်တွင် ကေအန်ယူဖက်က တိုက်ခိုက်လိုက်ရာ (၂) ဦးသေပြီး (၉)ဦးပြင်း ထန်စွာ ဒါဏ်ရာရရှိခဲ့ပါသည်။ ဤသည် အစိုးရ၏မူရင်းသဘောထားဟု ထောက်ပြကြပြီး ယခုလိုဆွေးနွေးပွဲ အချိန်အခါမျိုးတွင် မဖြစ်သင့်ဟု ထောက် ပြချင်ကြပါသည်။

ကေအန်ယူ ဗဟိုသည်၊ အစိုးရနှင့် တွေ့ဆုံဆွေးနွေးရေးကို လက်ခံသော်လည်း၊ အပစ်အခတ် ရပ်စဲရေးကိစ္စတွင် အစိုးရ ဖက်က တပြည်လုံး အပစ်အခတ်ရပ်စဲရေးကို လက်ခံမှ အပစ်အခတ် ရပ်စဲချင်ကြပါသည်။ ဤသည်၊ ကေအန်ယူပါ ၀င်သည့် သွေးစည်းညီ ညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တပ်ပေါင်းစု၏ မူဖြစ်ပါသည်။ 

အပစ်အခတ် ရပ်စဲရေးနှင့် ပါတ်သက်ပြီး KNU ဗဟိုသည်၊ ပြီးခဲ့သည့် ရက်ပိုင်းကလည်း ကရင်လူ့ထုလူတန်းစား အဖွဲ့အစည်း အားလုံးကိုဖိတ်ခေါ်ပြီး မဲဖေါ်ဂေ ဒေသမှာရှိသည့် မဲသရစ်မှ သေ့ဘေ့ဗွာထ စခန်း (ပဒိုမန်းရှာအား သင်းဂြိုဟ်သည့်နေရာ)၌ အမြင်ချင်းနှီးနှောဖလှယ်ကြပါသည်။ ယင်းဆွေးနွေးပွဲ၌လည်း၊ ဗိုလ်ချုပ်ကြီးစောမူတူးဆေးဖိုး၊ ကေအန်ယူ ဗဟိုကော်မီတီဝင်၊ ပဒိုရောဂျာတို့က အစိုးရထံတောင်းဆိုထားသည့် ကေအန်ယူ၏ တောင်းဆိုချက် (၁၁)ချက်ကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

KNU_02လက်ရှိပြသနာ၌ လာမည့်အစိုးရနှင့် ဆွေးနွေးပွဲတွင် ကေအန်ယူအနေနှင့် အပစ်အခတ် ရပ်စဲရေးကို မည်သို့သဘောထား မည်နည်း ဆိုသည့်ပြသနာဖြစ်နေပါသည်။ မည်သို့ပင်ဆိုစေ ကေအန်ယူသည်၊ ဘ၀တူ တိုင်းရင်းသားများနှင့် လက်တွဲပြီး၊ ငြိမ်းချမ်းရေး တည်ဆောက်သွားမည်ဟု ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။ 

Comments  

 
+1 #7 ရာမာန်ယ 2012-02-23 07:16
ကောဒေံပိုယ်မန် ချုလဝ်ပရိုင်ဂှ် ညံင်ကိုဝ် ဒစေင်အာညိရောင်။ ဟွံတုပ်ကိုဝ် ပရိုင်လဒေါဝ် မွဲပိုဒ်ရ။ ညံင်ကိုဝ် ကိုဝ်မံင် ဇြဟတ် ပရေင်ပ်ါထကး ဂကူကရေင် တအ်ရ။ တုပ်ဗီုဂှ် ကီု မုဟိုတ် ပရိုင်မန်တအ် ဟွံဂံင်ပ်ါပဲါ အံင်သာန်သုကျ႘ မိက်ဂွံပတိတ် သဿာန်ရ။
Quote
 
 
+1 #6 cross 2012-02-21 16:19
ဘာကို အခြေခံပြီး သတင်းရေးတာလဲ မသိဘူး အဒီသတင်း ဌာနက တာဝန်ရှိသူ ကိုယ်တိုင်က ကရင် အဖွဲ့အစည်း တွေကို တကွဲတပြား ဖြစ်စေ ချင်တားလား။ ကရင်တွေ အားလုံး သတိထား စောင့်ကြည့်ဖို့ လိုပါတယ်။
Quote
 
 
+1 #5 စိုးသူ 2012-02-21 13:55
((((ဖေဖေါ်ဝါရီ လကုန်ပိုင်းဖြစ် သည့်အတွက် ဆက်လက်ဆွေးနွေးေ ရးကို လက်ခံသည့် ဗိုလ်ချုပ်ကြီးေ စာမူတူးဆေးဖိုးအ ဖွဲ့နှင့် လက်မခံသည့် KNU ဥက္ကဌ စောတာမလာဘောတို့ အဖွဲ့တို့ အားပြိုင် နေကြသည့် အခြေအနေတွင် ရှိနေပါသည်။ ))))))ဒါသတင်းမှ မဟုတ်တာ။ အတင်းကြီး လျှောက်ပြောသလို ဖြစ်နေတယ်။
Quote
 
 
+1 #4 karen boy 2012-02-19 09:55
i want to know who the guy from Bdge(4)talking like that.Becareful karen
Quote
 
 
0 #3 anynomous 2012-02-18 22:17
KNU စည်းလုံး ညီညွတ်ကြပါနော်၊ သေသေချာချာ စဉ်းစားပါနော်။ လက်နက်နဲ့ မတိုက်ဘဲ။ မီဒီယာနဲ့ တိုက်နေတာကိုလည်း သတိထားနော်။ သတ်ရှိုနေတယ်နော်။ ဟာကွက်တွေ ကြည့်နေ တယ်နော်။ အမှားအယွင်းတြွေ ဖစ်အောင် ကျားကွက်ရွေ့ နေတယ်နော်။ UNFC မူကိုလည်း မမေ့နဲ့အုံး။ ဆန္ဒတွေ မစောကြနဲ့အုံး။
Quote
 
 
-1 #2 တောင်ပေါ်သား 2012-02-18 19:56
အင်း..ဒီအတိုင်းဆို ကရင်တွေ ထပ်ပြီး သင်းကွဲကြအုံးတော့မယ့် ပုံစံမျိုးပါလား ... ခောတ်အဆက်ဆက် စစ်အစိုးရကတော့ တော်တော်ဥာဏ်နီ ဥာဏ်နက် များပါပေတယ်..
Quote
 
 
+2 #1 saw zarnimin 2012-02-18 15:19
KNU acceptited it bor not, in the reality KNU aready hd a fuck . it's the true. Bcoz our KNU leaders are not united....So it was nothing to feel sorry for them...Could our Karen wake up by a dream? wh i can only say is we Karen ppls r so simple n we just need a good leadership...
Quote
 

Add comment


Security code
Refresh

ကြည့်နေသူပေါင်း

We have 63 guests online
Banner

ကြော်ငြာကဏ္ဍ

အလုပ်သမား ရေဒီယိုကဏ္ဍ


PopUp MP3 Player (New Window)

နောက်ဆုံး Update များ

အကြံပြုချက်များ