Mon_flag eng_flag Thai_flag
Select Your Language
User Rating: / 7
PoorBest 

သတင်း - နိုင်ငံတကာ

erwqအီရတ်နိုင်ငံတွင် ဆက်ဒမ်ဟူစိန် အုပ်ချုပ်စဉ်က နိုင်ငံခြားရေးဝန်ကြီး နှင့် ထိပ်တန်း အစိုးရအဖွဲ့ ရာထူးနေရာများကိုရယူ ခဲ့သူတစ်ဦး ဖြစ်သည့် တာရစ်အဇစ်ကို နောက်နှစ်တွင် ကြိုးပေးကွပ်မျက် တော့မည်ဟု အီရတ်အစိုးရက ယနေ့ တရားဝင် သတင်းထုတ်ပြန်ပါသည်။

တာရစ်အဇစ်ကို ၂၀၁၀ ခုနှစ် အောက်တိုဘာလက အီရတ် တရား ရုံးက သေဒဏ်ပေးခဲ့ခြင်းဖြစ်သည်။ ၁၉၈၁ ခုနှစ် မှ ၂၀၀၃ ခုနှစ်အထိ ဒုတိယ၀န်ကြီးချုပ် အဖြစ် တာဝန်ယူထားစဉ်အတွင်း အပြစ်မဲ့ ပြည်သူ များကိုသတ်ဖြတ်မှုတွင်တာဝန် ရှိမှု၊ အာဏာအလွဲသုံးစား လုပ်မှုများဖြင့်ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်သည်။ တာရစ် အဇစ်သည် ဆက်ဒမ်ဟူစိန် အစိုးရ အဖွဲ့  အတွင်း တစ်ဦးတည်းသော ခရစ်ဘာသာဝင်တစ်ယောက်ဖြစ်သည်။

ဆက်ဒမ်ဟူစိန် အစိုးရ အား မဟာမိတ် အဖွဲ့ များကဖယ်ရှား ပြီးနောက် ၂၀၀၃ ခုနှစ် ဧပြီလ တွင်တာရစ် အဇစ်ကို ဖမ်းဆီး ရမိခြင်းဖြစ်သည်။ အသက် ၇၄ နှစ် အရွယ်ရှိပြီဖြစ်သည့် တာရစ်အဇစ်ကို ကွပ်မျက်ရန် အတည်ပြုချက် လက်မှတ်ထိုးဖို့  အ တွက်လက်ရှိ အီရတ်သမ္မတ ဂျာလာတာလီဘာနီက ပြီးခဲ့သည့်လက ငြင်းဆန်ခဲ့ပါသည်။

တာရစ်အဇစ်၏ သမီးဖြစ်သူ ဇိုင်းနဘ်အဇစ်က “အဖေ က ၂၂ နှစ် လုံးလုံးတိုင်းပြည်အတွက် အလုပ်လုပ်ခဲ့တာ သူဘာမှမ မှားဘူး ၊ အမေရိကန်တွေဝင်လာတော့လည်း သူကိုယ်တိုင် မကြောက်မရွံ့သွားအဖမ်းခံခဲ့တာပဲ ”ဟု ပြောပါသည်။

အီရတ်အစိုးရအဖွဲ့ အတွင်း အမေရိကန် လူဟုလူသိများခဲ့သည့် တာရစ်အဇစ်ကို အီရတ် မြေမှအမေရိကန်တပ်များ ထွက် ခွာပြီးချိန်တွင်ကွပ်မျက်မည်ဖြစ်သည်။ ဆက်ဒမ်ဟူစိန်နှင့် ၊ ဓာတုအလီကိုမူ ကြိုးပေးကွပ်မျက်ခဲ့ပြီးဖြစ်ပါသည်။ 

Add comment


Security code
Refresh

ကြည့်နေသူပေါင်း

We have 63 guests online
Banner

ကြော်ငြာကဏ္ဍ

အလုပ်သမား ရေဒီယိုကဏ္ဍ


PopUp MP3 Player (New Window)

နောက်ဆုံး Update များ

အကြံပြုချက်များ